ကျောင်း ၅ လပဲတက် သင်ရိုး သုံးပုံတပုံပဲ သင်ခဲ့တဲ့ စကစရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ စံချိန်တင် အမှတ်တွေ ရ ဒါတောင်ဆရာမတွေက အချိန်မမှီလို့သင်ရိုးအကုန်မသင်ရလို့နော် အကုန်သင်ရလို့ကတော့ အမှတ်ပေါင်း တစ်သောင်းတွေ ကျော်အောင်ဖြေပစ်မှာ …)

ကျောင်း ၅ လပဲတက် သင်ရိုး သုံးပုံတပုံပဲ သင်ခဲ့တဲ့ စကစရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ စံချိန်တင် အမှတ်တွေ ရ ဒါတောင်ဆရာမတွေက အချိန်မမှီလို့သင်ရိုးအကုန်မသင်ရလို့နော် အကုန်သင်ရလို့ကတော့ အမှတ်ပေါင်း တစ်သောင်းတွေ ကျော်အောင်ဖြေပစ်မှာ …)

စကစရဲ့ ရောကြော် တက္ကသိုလ်ဝင်တန်း စာမေးပွဲရဲ့ အမှတ်အများဆုံး ရရှိသူ စာရင်းကတော့ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ သိပ္ပံဘာသာတွဲရဲ့ အမှတ်အများဆုံးကို ၅၅၈ မှတ်နဲ့ အထက (၁၆) ချမ်းအေးသာစံ မန္တလေးမြို့က ကျောင်းသူတဦးက ရရှိခဲ့ပါတယ်။ ဝိပ္ပံဘာသာတွဲရဲ့ အမှတ်အများဆုံးကိုတော့ ၅၂၂ မှတ်နဲ့ အထက တောင်စွန်း (ဘီးလင်း) မွန်ပြည်နယ်က ကျောင်းသားတဦးက

ရရှိခဲ့ပါတယ်။ ဝိဇ္ဇာဘာသာတွဲရဲ့ အမှတ်အများဆုံးကိုတော့ ၅၃၄ မှတ်နဲ့ အထက သစ်ရာမြိုင် (ကျွန်းလှ) စစ်ကိုင်းတိုင်းက ကျောင်းသူတဦးက ရရှိခဲ့ပါတယ်။ ယခု ရရှိတဲ့ အမှတ်တွေကို ယခင် တက္ကသိုလ်ဝင်တန်း စာမေးပွဲရဲ့ ရမှတ်တွေနဲ့ နှိုင်းယှဉ်ပါက စံချိန်တင် များနေတယ်လို့ သိရပါတယ်။ သုံးလပဲ စာသင်ခဲ့တဲ့ စကစရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ သင်ရိုးကုန်အောင်

မသင်ဘဲ မူလသင်ရိုးရဲ့ သုံးပုံတပုံပဲ သင်ခဲ့ရတယ်လို့ ကျောင်းဆရာဟောင်းတဦးက ပြောခဲ့ပါတယ်။ ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ ရန်ကုန်က အောင်ချက် ၄၆ ရာခိုင်နှုန်းပဲ ရှိပေမယ့် သိပ္ပံဘာသာတွဲ အမှတ်အများဆုံး ၁၂ ဦးစာရင်းတွင် ၅ ဦးပါဝင်ကြောင်း စာစစ်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ က ကျင်းပခဲ့တဲ့ ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲကို

ရန်ကုန်က ကျောင်းသူကျောင်းသား ၃၃၄၄၇ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ ၁၅၄၀၉ ဦးအောင်မြင်ပြီး အောင်ချက် ၄၆ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

crd-

Add a Comment

Your email address will not be published. Required fields are marked *