ငယ်ငယ်တုန်းက ‘A’ တန်းက အဆင့် (၁,၂,၃) ဆိုရင် ဆယ်လီဆိုပြီး သွားကြည့်ခဲ့ရတဲ့ ပညာရေးစနစ်.. ( ငယ်ငယ်တုန်းက ‘A’ တန်းက လူတွေဆို ရွှေခုံကြီးတွေမှာထိုင်၊ ရွှေမှုန်တွေစားပြီး စာသင်ရတယ်လို့ ကိုထင်မိတာ…ဟုတ်တယ်မလား)

ငယ်ငယ်တုန်းက ‘A’ တန်းက အဆင့် (၁,၂,၃) ဆိုရင် ဆယ်လီဆိုပြီး သွားကြည့်ခဲ့ရတဲ့ ပညာရေးစနစ်.. ( ငယ်ငယ်တုန်းက ‘A’ တန်းက လူတွေဆို ရွှေခုံကြီးတွေမှာထိုင်၊ ရွှေမှုန်တွေစားပြီး စာသင်ရတယ်လို့ ကိုထင်မိတာ…ဟုတ်တယ်မလား)

ငယ်ငယ်တုန်းက ‘A’ တန်းက လူတွေဆို ရွှေခုံကြီးတွေမှာထိုင်၊ ရွှေမှုန်တွေစားပြီး စာသင်ရတယ်လို့ ကိုထင်မိတာ… ဆရာတွေက ‘A’ တန်းကလူတွေက တော်တယ်.. ‘A’ တန်းကလူတွေက လက်ရေးလှတယ်.. ‘A’တန်းကလူတွေက ယဉ်ကျေးတယ် လို့ အတန်းတိုင်းမှာ ပြောကြတာကိုး… ကိုယ်တွေ ‘D’ တန်း၊ ‘E’ တန်း၊ ‘G’ တန်း၊ ‘H’ တန်းက လူတွေဆို ဒုက္ခသည်စခန်းက

နိုင်ငံမဲ့တွေလိုလို၊ ခိုးဆိုးလုနှိုက် အလောင်းအလျာလေးတွေလိုလို၊ ဂျိုကျိုးနားရွက်ပဲ့တွေ စုပုံခြံခတ်ထားသလိုလို၊ အဲ့လိုမြင်ကြတာ… ‘A’တန်းက ဘယ်သူက အဆင့် (၁) ရတယ်ဆို သွားတောင်ကြည့်ယူရတယ် (မမြင်ဖူးလို့) ‘A’ တန်းက အဆင့် ၁,၂,၃ ဆို ဆယ်လီဆိုပြီး သွားကြည့်ရတာ၊ ဆယ်လီဖြစ်ချက်က အခုခေတ် မင်းသားမင်းသမီးတွေကိုသနားတယ်၊ တခြားအတန်းကလူတွေ

ဘယ်လောက်တော်တော် ‘A’ တန်းက လူတွေကို မမီတာ… အဲ့လို ကိုယ်တွေလို အနောက်ပိုင်းကျတဲ့ အတန်းတွေက ဘာမိုတီမှမရှိတာ၊ နောက်ပိုင်းအခန်းတွေမှာ အဆင့် (၁) ရလည်း မပျော်နိုင်တဲ့ဘဝ (လူရာမဝင်ဘူး ပြောပါတော့) အရင်ကတော့ ထင်မိတာပေါ့၊ ‘A’ တန်းကလူတွေကပဲ ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ၊ စစ်ဗိုလ်ကြီးတွေဖြစ်လိမ့်မယ်၊ သေချာပေါက် ချမ်းသာလိမ့်မယ်၊

ကျိန်းသေပေါက် ပညာရှင်ကြီးတွေ ဖြစ်လိမ့်မယ်၊ သူဌေးကြီးတွေ ဖြစ်လိမ့်မယ်လို့ ထင်မိတာပေါ့.. ‘A’ တန်းက လူတွေကိုပဲ အကုန်လုံးက “လူ” လို့ သတ်မှတ်ကြတော့… ‘A’ တန်းနား သွားရင်ကို အရောင်တွေ လက်နေသလိုလို၊ ခွန်အားတွေရသွား သလိုလို၊ အားကျစိတ်တွေပေါ်လာ သလိုလို၊ ဗိုက်နာလာသလိုလို ရှူးပေါက်ချင်လာသလိုလိုကြီး အဲ့လောက်ကို ပါဝါကြီးတာ ခုတော့လည်း…

‘A’တန်းက လူတွေလည်း မွဲတဲ့လူကမွဲ ကွဲတဲ့လူကကွဲ၊ သူဌေးဖြစ်တဲ့လူကဖြစ် ခွေးဖြစ်တဲ့လူကဖြစ်၊ ‘H’ တန်း၊ ‘E’ တန်းက လူတွေလည်း ကမ္ဘာပတ်တဲ့ကောင်ကပတ် ခွက်ဆွဲတဲ့ကောင်ကဆွဲ၊ လောကကြီးက မျှမျှတတခွဲထုတ်ပေးလိုက်တာ (ဒါတောင် တချို့က အခုထိ ငါက ‘A’ တန်းက ဆိုပြီးလုပ်နေကြတုန်း) ခုတော့… ကျောင်းတွေမှာ

‘A,B..E,F’ တန်းစနစ် မရှိတော့ဘူးကြားတယ်၊ “ဝမ်းသာပါတယ်” အတန်းတွေကိုလည်း မခွဲခြားတော့ဘူး၊ စာမေးပွဲတွေလည်း မရှိတော့ဘူး၊ တတ်မြောက်အောင် သင်ကြားဖို့ပဲ ဦးစားပေးတော့တယ် ကြားတယ်၊ ကြိုက်တယ်၊ ဝမ်းသာတယ်၊ ကြိုဆိုတယ်။ “A တန်းသည်သာ ပဓာန” ခေတ်မဟုတ်တော့ဘူးပေါ့.. ခင်ဗျားတို့ရော တွေ့မိသေးလား ‘A’ တန်းက လူတွေကို…

crd-ac(တာဇဲ မျှဝေသည်)

Add a Comment

Your email address will not be published.