တစုံတယောက်နဲ့ တော်တော်လေးဆင်နေတဲ့ ချစ်သူ စစ်ဗိုလ်မှူးကြောင့် ပရိတ်သတ်တွေ ထင်ကြေးအမျိုးမျိုးပေးခံနေရတဲ့ အေးမြတ်သူ..

တစုံတယောက်နဲ့ တော်တော်လေးဆင်နေတဲ့ ချစ်သူ စစ်ဗိုလ်မှူးကြောင့် ပရိတ်သတ်တွေ ထင်ကြေးအမျိုးမျိုးပေးခံနေရတဲ့ အေးမြတ်သူ..

ပရိတ်သတ်တွေက ချစ်စနိုးနဲ့ မမြတ်လေး လို့ ခေါ်ကြတဲ့ မင်းသမီးချော အေးမြတ်သူ ကတော့ ရယ်လိုက်ရင် ပါးချိုင့်လှလှလေးနဲ့ မြင်သူရင်ကို အေးချမ်းစေတဲ့ အလှပိုင်ရှင်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။အေးမြတ်သူကတော့ ပြီးခဲ့တဲ့နှစ်အတွင်းက“ခေါက်ထီးလေးမလုံ့တလုံ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကြီ းကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

အကယ်ဒမီဆုရှင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့ အေးမြတ်သူကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို အရင်အတိုင်းပုံမှန်အတိုင်းသာ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။အသက် (၃၅) နှစ်အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ အေးမြတ်သူကတော့ သူမရဲ့ အိမ်ထောင်ရေးနဲ့ ပက်သတ်ပြီး ချစ်သူရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြထားကာ မကြာခင်နှစ်ပိုင်းအတွင်းမှာလည်း ရွှေလက်တွဲလက်ထပ်တော့မှာဖြစ်ကြောင်းကို အသိပေးထားတာပဲ ဖြစ်ပါတယ်။ခုမှာလည်းသူမရဲ့ချစ်သူနဲ့ပုံရိပ်တွေကြောင့် ပရိသတ်ကြားမှာတော်တော်လှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။ သူမနဲ့တူတူတွဲရိုက်ထားတဲ့သူမချစ်သူဟာ

စစ်တပ်ကတပ်ရင်းမှုးတစ်ယောက်လို့ထင်ကြေးပေးနေကြပြီး ဝေဖန်မှုတွေကြုံနေခဲ့ရတာပါ။လက်ရှိမှာသရုပ်ဆောင်အေးမြတ်သူရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး ဝေဖန်သံတွေကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။သရုပ်ဆောင်အေးမြတ်သူရဲ့ချစ်သူက စစ်တပ်က ဗိုလ်မှူးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက ပြင်းထန်စွာဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ သရုပ်ဆောင်အေးမြတ်သူရဲ့ချစ်သူနဲ့စုံတွဲပုံတွေထွက်ပေါ်လာတာကြောင့် ဝေဖန်မှုတွေပိုပြင်းထန်လာတာဖြစ်ပါတယ်။

အေးမြတ်သူ တင်ပေးလာတဲ့ ချစ်သူစုံတွဲပုံက တစ်စုံတစ်ယောက်နဲ့ တူနေလို့ ပိုပြီး ပြင်းထန်လာခဲ့ပါတယ်… ပရိသတ်ကြီးလည်း တစ်စုံတစ်ယောက်နဲ့ တူနေလားဆိုတာလည်း ဝေဖန်ပေးခဲ့ကြပါအုံးနော်..

Source: Aye Myat Thu
crd Cele Info
zawgyi





Source: Aye Myat Thu
crd Cele Info

Add a Comment

Your email address will not be published.