တန်းဆင်းသွားရတဲ့ အိမ်ရှင် အင်္ဂလန် အတွက်တော့ ကာတာ ကမ္ဘာ့ဖလား မတိုင်ခင် ၊ ပုံစံကောင်း ပြန်ရှာတွေ့ဖို့ လိုနေခဲ့ပြီး ၊

တန်းဆင်းသွားရတဲ့ အိမ်ရှင် အင်္ဂလန် အတွက်တော့ ကာတာ ကမ္ဘာ့ဖလား မတိုင်ခင် ၊ ပုံစံကောင်း ပြန်ရှာတွေ့ဖို့ လိုနေခဲ့ပြီး ၊

မနေ့ညက ဝင်ဘလေကွင်းမှာ ကစားသွားခဲ့တဲ့ ဥရောပ နေရှင်လိဂ် အုပ်စု A ရဲ့ နောက်ဆုံးပွဲ တပွဲမှာ အင်္ဂလန်နဲ့ ဂျာမနီတို့ ဂိုးအပြိုင် သွင်းရင်း ၊ တဖက် ၃ဂိုးစီ သရေ ရလဒ်နဲ့ အဆုံးသတ်ခဲ့ကြပါတယ် ။ ဒီပွဲဟာ ၂သင်းလုံး အတွက် ဘာဖိအားမှ မရှိတော့သလို ၊ ဘာမျှော်လင့်ချက်မှ မရှိတဲ့ ပွဲတပွဲလည်း ဖြစ်ပါတယ် ။

 

တန်းဆင်းသွားရတဲ့ အိမ်ရှင် အင်္ဂလန် အတွက်တော့ ကာတာ ကမ္ဘာ့ဖလား မတိုင်ခင် ၊ ပုံစံကောင်း ပြန်ရှာတွေ့ဖို့ လိုနေခဲ့ပြီး ၊ မနေ့ညက ပွဲမှာ နေရှင်လိဂ် အတွင်း Open play ကနေ ပထမဆုံး သွင်းဂိုး ရခဲ့ပါတယ် ။ ဒီဂိုးဟာ ၂ – ၀ ရှုံးနေတဲ့ အနေအထားကနေ ၊ ပွဲချိန် ၇၂ မိနစ်မှာ ဘယ်နောက်ခံလူ လုခ်ရှောက သွင်းယူပေးခဲ့တာ ဖြစ်f ပါတယ် ။

ချေပဂိုး ပြန်ရလို့ စိတ်အားတက်သွားတဲ့ အင်္ဂလန်တို့ နောက်ထပ် ၁၀မိနစ် အတွင်း ဒုတိယ ချေပဂိုးနဲ့ ဦးဆောင်ဂိုးကိုပါ ရခဲ့ပါတယ် ။ သို့ပေမယ့် ထိုဦးဆောင်ဂိုးက မိနစ်ပိုင်းသာ ခံခဲ့ပြီး ၊ အင်္ဂလန်ရဲ့ အမှားကနေ ဂျာမနီက ချေပဂိုး ပြန်ရခဲ့ပါတယ် ။

ဒုတိယပိုင်း အတွင်း လူစားလဲ မှန်ကန်ခြင်း ၊ တိုက်စစ် ကစားwe ပုံ တိုးတက်လာခြင်းတွေက အင်္ဂလန် အတွက် အပေါင်း လက္ခဏာ ဆောင်ခဲ့ပေမယ့် ၊ ဂျာမနီက ရခဲ့တဲ့ ဂိုး၂ဂိုးဟာew  အင်္ဂလန်ရဲ့ ခံစစ် အမှားကြောင့် ပေးခဲ့ရတာ ဖြစ်ပါတယ် ။ အထူးသဖြင့် ဂိုးမရှိ သရေဖြစ်နေတဲ့ အချိန် ၊ ဟယ်ရီ မက်ဂွိုင်းယားဟာ ပင်နယ်တီ ဧရိယာ အတွင်း စိတ်ပျက်ဖွယ် ပြစ်ဒဏ် ကျူးလွန်ခဲ့ပါတယ် ။

မက်ဂွိုင်းယား ဟာ ထိုမတိုင်ခင်ကလည်း ဘောလုံး ပေးပို့ပုံ မှားယွင်းခဲ့ပြီး ၊ ကိုယ့်အမှားကို cover မလုပ်နိုင်ခဲ့အပြင် ၊ နောက်ထပ် အမှားကိုပါ ဆက်လက် ကျူးလွန်သွားခဲ့တာ ဖြစ်ပါတwe ယ် ။ သို့ပေမယ့် ၄င်းရဲ့ အင်္ဂလန် အသင်းဖော် ညာနောက်ခံလူ ရိစ်ဂျိမ်းစ်ကတော့ ၄င်းဖက်ကနေ အခုလိုပဲ ကာကွယ်ပေးသွားခဲ့ပါတယ် ။

 

ပွဲပြီး အင်တာဗျူးမှာ ဂျိမ်းစ် က ” ခင်ဗျား ကစားခွင့် ရတဲ့အချိန် ၊ ကွင်းတွင်းမှာ အမှားလေး တခု လုပ်ခဲ့ရုံလောက်နဲ့ ဒီလောက်ကြီး ဝေဖန်ခံရဖို့ မထိုက်တန်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ ခင်ဗျားမှာ ကိုယ်လုပ်ခဲ့တဲ့ အမှား တခုကို ကိုယ်တိုင် သိပြီး သဘောပေါက်လောက်တဲ့ ရင့်ကျက်မှုမျိုး ရှိနေတာကြောင့် ၊ အပြောခံရဖို့ မသင့်ဘူးလို့ ခံစားရပါတယ် ။ ”

 

” ဟယ်ရီဟာ ဒီရာသီမှာ ကစားခွင့် အများwe ကြီး မရထားပါဘူး ။ ဒီတော့ သူဟာ ကိုယ်ပိုင် ရစ်သမ်ကို ရှာဖွေနိုင်ဖို့ ကြိုးစားနေရဆဲပါ ။ သူ့မှာ ဘယ်လို အရည်အသွေးမျိုး ရှိတယ် ဆိုတာ ကျွန်တော်တို့ သိထားပါတယ် ။ ဒီအပေါ်မှာ ယုံမှားသံသယ ဖြစ်စရာ မလိုပါဘူး ။ ”

” နောက်ထပ် အဆင့် တဆင့်လောက် ထပ်တက်နိုင်လိုက်တာနဲ့ ဟယ်ရီနဲ့ နစ်ခ်တို့ ပိုကောင်းတဲ့ ပုံစံနဲ့ ပြန်လာမှာ သေချာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ မက်ဂွိုင်းယား ဟာ ဒီရာewသီ ပရီးမီးယားလိဂ် အဖွင့်ပွဲ နောက်ပိုင်း ယူရိုပါလိဂ် အုပ်စု အဖွင့်ပွဲက လွဲကာ ၊ ကျန်တဲ့ ပွဲတွေမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲw ထွက်ခွင့် မရခဲ့ပါဘူး ။

တဖက်မှာ ရိစ်ဂျိမ်းစ် ဟာ အင်္ဂလန်ရဲ့ ယခုနှစ် နေရှင်လိဂ်မှာ အwe င်္ဂလန်ရဲ့ ပထမဆုံး open play သွင်းဂိုးကို ဖန်တီးနိုင်ခဲ့ကာ ၊ ၄င်းရဲ့ ချဲလ်ဆီး အသင်းဖော် ကွင်းလယ်လူ မေဆင်မောင့်ကလည်း ဒီရာသီ ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်သွားခဲ့ပါတယ် ။

 

ဒါနဲ့ ပတ်သက်ပြီးလည်း ဂျိမ်းစ် က ” မေဆင် အကြောင်း ကျွန်တော် အများကြီး ဖွဲ့နွှဲ့ ပြောနေစရာ မလိုဘူးလို့ ထင်ပါတယ် ။ ပြီးခဲ့တဲ့ ၃နှစ် အတွင်း သူ ဘာတွေ စွမ်းဆောင်ပြခဲ့လဲ ဆိုတာ လူတိုင်း သိကြပါတယ် ။ အခွင့်အရေး ရတဲ့ အခါတိုင်းမှာ သူ အသင်း အတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်ဖို့သာ ကြိုးစားနေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *