ထိုင်ဝမ်ကျွန်းအရေးနှင့်ပတ်သတ်၍အမေရိကန်ကိုဒဲ့စိန်ခေါ်လိုက်တဲ့ တရုတ်စစ်ဗိုလ်ချုပ်ကြီး ( စစ်ဗိုလ်ချုပ်နေရာရောက်သွား အမြဲတမ်း ဦးနှောက်မပါတော့ တာလားထင်ရတယ် )

ထိုင်ဝမ်ကျွန်းအရေးနှင့်ပတ်သတ်၍အမေရိကန်ကိုဒဲ့စိန်ခေါ်လိုက်တဲ့ တရုတ်စစ်ဗိုလ်ချုပ်ကြီး

တရုတ်ကာကွယ်ရေးဝန်ကြီးက ဝါရှင်တန်ကို “အနိုင်ကျင့်သူ” အဖြစ်စွပ်စွဲ၍ထိုင်ဝမ်ကို သိမ်းပိုက် ရန်“အဆုံးအထိတိုက်ပွဲဝင်”မည်ဟုကတိပြုကာ၎င်း၏အမေရိကန်နှင့်စစ်အေး တိုက်ပွဲကို အရှိန် မြှင့်လိုက်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကစင်္ကာပူမှာကျင်းပနေတဲ့(၁၉)ကြိမ်မြောက်၊အာရှထိပ်တန်း ကာကွယ်ရေးထိပ် သီးအစည်းအဝေးရှန်ဂရီလာဒိုင်ယာလောခ့်မှာတရုတ်စစ်တပ်မှဗိုလ်ချုပ်ကြီးဝေဖန်ဂီး အနေနဲ့ တက် ရောက်မိန့်ခွန်းပြောဆိုခဲ့ပြီး ၎င်းရဲ့မိန့်ခွန်းမှာ တောင်တရုတ်ပင်လယ်ဆိုင်ရာအရေး ၊ထိုင်ဝမ်အရေး တွေအပါအဝင်တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးကိုအမေရိကန်အနေနဲ့ဝင်ရောက်စွက်ဖက်တယ်လို့ထပ်တလဲလဲ ထည့်သွင်းပြောဆိုခဲ့ပါတယ် ။

ထိုင်ဝမ်အရေးနှင့်ပတ်သတ်၍ ဝေ က ပြောကြားရာမှာ ထိုင်ဝမ်လွတ်လပ်ရေးကို ရပ်တန့်ဖို့ သူ့နိုင်ငံဟာ “အဆုံးထိ တိုက်ပွဲဝင်မယ်” လို့ ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ပါပါတယ်။

“ထိုင်ဝမ်သည်တရုတ်နိုင်ငံ၏အစိတ်အပိုင်းဖြစ်တဲ့အတွက်တရုတ်နိုင်ငံ၏ပြည်တွင်းရေးကိစ္စသာဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ပြန်လည်ပေါင်းစည်းရေးကိုသေချာပေါက်နားလည်ဖို့လိုပါတယ်။ငါတို့တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဆိုတာအင်အားကြီးမားတဲ့ရန်သူများစွာကိုတိုက်ခိုက်အနိုင်ယူခဲ့ပြီးအောင်ပွဲတွေများစွာ ရရှိထားတဲ့ တပ်မတော်လည်းဖြစ်တယ်။ ငါတို့ကဘယ်သူ့ကိုမှအနိုင်ကျင့် တိုက်ခိုက်ခဲ့တာမျိုးမရှိသလိုလုပ်မှာလည်းမဟုတ်ဘူး။ထို့အတူပဲတခြားသူတွေက အနိုင်ကျင့်လာ တာ ကိုလည်းသည်းခံငြိမ်းခံနေမှာမဟုတ်ဘူး။ဒါကြောင့် ရှင်းရှင်းလင်းလင်းပြောရရင် ထိုင်ဝမ်ကို တရုတ်နိုင်ငံကနေ ခွဲထွက်ဖို့ သတ္တိရှိတယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ တိုက်ခိုက်ဖို့ တွန့်ဆုတ်တုံ့ဆိုင်းနေမှာမဟုတ်သလိုတုန်လှုပ်နေမှာလည်းမဟုတ်ဘူး။အစစအရာရာအကုန် အကျခံ ပြီး တိုက်ပွဲဝင်သွားမှာပါ” လို့ပြောပါတယ်။

၎င်း၏မှတ်ချက်ပြုပြောစကားများ က အင်ဒို-ပစိဖိတ်ဒေသတွင် ဘေဂျင်း၏ ကြီးထွားလာနေသော သြဇာလွှမ်းမိုးမှုကို တန်ပြန်မည်ဟု အစောပိုင်းက ညီလာခံ၌ ပြောကြားခဲ့သော အမေရိကန်ကာ ကွယ်ရေးဝန်ကြီးလွိုက်ခ်အော်စတင်၏ပြောစကားများကိုကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချခြင်း ၏တစ်စိတ်တစ်ပိုင်းဖြစ်သလိုမကြာသေးခင်ကအမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ထိုင်ဝမ်ကိုစစ်ရေးအရတိုက်ခိုက်ပါက ထိုင်ဝမ်ဘက်မှအစွမ်းကုန်ခုခံကာကွယ်သွားမည်ဆိုသော ပြောကြားချက်များ ကို ပြန်လည်တုံ့ပြန်လိုက်ခြင်းလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဘေဂျင်း၏ ဒေသဆိုင်ရာ အစီအစဉ်အတွက် မျှော်မှန်းချက်၏ အကျဉ်းချုပ်အဖြစ် ရည်ရွယ်ပြီး အမေရိကန်ကို တိုက်ရိုက် ဦးတည်ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်။

အဘယ်ကြောင့်ဆိုက အဆိုပါအစည်းအဝေးအတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ခ် အော်စတင်က တရုတ်သည် အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် သာယာဝ ပြော ရေး ကို ထိခိုက်စေမည့် အကြပ်ကိုင်မှု၊ ရန်လိုပြီး အန္တရာယ်ရှိသော လုပ်ရပ်များတွင် ပါဝင်နေကြောင်းနှင့် ဘေဂျင်း၏ကြီးထွားလာနေသော အင်ဒို-ပစိဖိတ်ဒေသတွင် ဘေဂျင်း၏ သြဇာလွှမ်းမိုးမှုကိုတန် ပြန် သွားမယ် လို့ပြောဆိုခဲ့ကြောင်းသိရပါတယ်။

လက်ရှိတွင်အမေရိကန်အနေဖြင့်အင်ဒို-ပစိဖိတ်ဒေသအတွင်းမဟာမိတ်ညွှန့်ပေါင်းစစ်ရေးလေ့ကျင့် မှုအစီအစဉ်များအားဂျပန်၊ကိုရီးယား၊သြစတြေးလျှ၊အိန္ဒိယ၊အင်ဒိုနီးရှားအစရှိသောနိုင်ငံများနှင့် ပူး တွဲလုပ်ဆောင်လျှက်ရှိနေသည့်အပြင်အခြားတစ်ဖက်တွင်ထိုင်ဝမ်အားစစ်လက်နက်ပစ္စည်းများနှင့်စစ်ရေးဆိုင်ရာသင်တန်းများပံ့ပိုးထောက်ပံ့ကူညီလျှက်ရှိနေကြောင်းသိရပါတယ်။

ထိုသို့အမေရိကန်၏ဆောင်ရွက်မှုများနှင့်ပတ်သတ်၍အော်စတင်ကဒေသတွင်းမှာအမေရိကန်ဦးဆောင်သည့်ညွှန့်ပေါင်းမဟာမိတ်တည်ဆောက်ရေးနှင့်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအကြောင်းကို အစည်း အဝေးမတိုင်ခင် တရုတ်ဗိုလ်ချုပ်ကြီးဝေ နှင့်တွေ့ဆုံစဉ်က ပြောကြားခဲ့သော်လည်း ဝေ ကတရုတ်ကပယ်ချထားတဲ့ပါဝါနိုင်ငံရေးအမျိုးအစားဖြစ်တယ်လို့တုံ့ပြန်ပြောဆိုခဲ့တယ်လို့သိရပါ တယ်။

ထို့အပြင်ဝေ က“မည်သူနှင့်မျှ မည်သည့်နိုင်ငံကိုမှ ၎င်းတို့ဖြစ်လိုသော ဆန္ဒကို အခြားသူများအပေါ် ချမှတ်ခြင်းမပြုရသို့မဟုတ်နိုင်ငံစုံဝါဒ၏အသွင်ဆောင်မှုအောက်တွင်အခြားသူများကိုအနိုင်ကျင့် ခြင်းမပြုသင့်ပါဘူး။ကျွန်ုပ်တို့အတွက်အမေရိကန်၏မဟာဗျူဟာ သည်လွတ်လပ် ပွင့် လင်း သော အင်ဒို-ပစိဖိတ်ဒေသ၏ အမည်ဖြင့် သီးသန့်အုပ်စုငယ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းမှုဖြစ်ပြီး ကျွန်ုပ်တို့၏ဒေသတွင်းရှိနိုင်ငံများကိုပြန်ပေးဆွဲကာသီးခြားနိုင်ငံတစ်နိုင်ငံကိုပစ်မှတ်ထားရန်ကြိုးပမ်းလုပ်ဆောင်နေခြင်းကပဋိပက္ခဖန်တီးရန်လုပ်ဆောင်နေတဲ့မဟာဗျူဟာတစ်ခုပဲဖြစ်တယ်” လို့ထပ် မံပြော ဆိုခဲ့ပါတယ်။

“အဆုံးထိ တိုက်မည်”

သောကြာနေ့မွန်းလွဲပိုင်းတွင်နှစ်နိုင်ငံသီးသန့်တွေ့ဆုံစဉ်၌ဝေအနေဖြင့်ထိုင်ဝမ်အပေါ်ဝါရှင်တန်၏ရပ်တည်ချက်အပေါ်အပြင်းအထန်ဝေဖန်မှုများပြုလုပ်ခြင်းမရှိဘဲချန်လှန်ထားခဲ့ပြီးအစည်းအဝေးသို့ရောက်ရှိမိန့်ခွန်းပြောကြားစဉ်မှသာပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်။

သောကြာနေ့က အော်စတင်နှင့်ေ၀ တွေ့ဆုံရာ၌ အမေရိကန်အနေဖြင့်တရုတ်သည် ထိုင်ဝမ်၏ အချုပ်အခြာအာဏာ ကို ချိုးဖောက်သည်ဟု ယူဆရပါကလက်နက်ရောင်းချမှုအပါအဝင် ထိုင်ဝမ်အား အမေရိကန်က ဆက်လက်ထောက်ခံသွားမည်ဟု အော်စတင်က ပြောဆိုခဲ့ပါတယ်။

အမေရိကန်၏မူဝါဒအရ၊ဝါရှင်တန်သည်ထိုင်ဝမ်အားကာကွယ်ရေး လက်နက်များထောက်ပံ့ ပေးနေ သော်လည်းတရုတ်၏တိုက်ခိုက်မှုတွင်ရည်ရွယ်ချက်ရှိရှိစစ်ရေးအရဝင်ရောက်စွက်ဖက်ခြင်း ရှိ/ မရှိ အပေါ်မရေရာသောသဘောထားကွဲလွဲမှုများရှိနေဆဲဖြစ်ပါတယ်။

ဒါ့အပြင်ဘိုင်ဒန်၏မကြာသေးမီကထိုင်ဝမ်အရေးကိစ္စနှင့်ပတ်သတ်သည့်မှတ်ချက်ပြုပြောစကားများနှင့်စပ်လျှဉ်း၍အိမ်ဖြူတော်ကယခင်ပြောဆိုထားသည့်အချက်များနှင့်သဘောထားကွဲလွဲမှုများရှိနေသော်လည်း မရှင်းလင်းသော မူဝါဒအတိုင်း ဆက်လက်တည်ရှိနေပါတယ်။ .ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏အစိတ်အပိုင်းဖြစ်ကြောင်းဝါရှင်တန်ကတရုတ်နိုင်ငံ၏ရပ်တည်ချက်ကိုအသိအမှတ်ပြုထားပေမယ့်ဘေဂျင်း၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းဟူသောစကားရပ်ကို တရားဝင် အသိအမှတ်ပြုထားခြင်းမရှိပေ။

ထိုင်ဝမ် အရေးနှင့်ပတ်သတ်၍ထိုင်ဝမ်သည်တနေ့တွင်ပြည်မကြီးနှင့်ပြန်လည်ပေါင်းစည်းနိုင်ဦး မလား ဆိုသည်နှင့်ထိုင်ဝမ်အတွက်အပေးအယူမည်သို့ရှိမည်နည်းဆိုသောသတင်းထောက်တစ်ဦး ၏မေးမြန်းမှုကို ဗိုလ်ချုပ်ကြီးဝေက ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းနိုင်ရေး သည်တရုတ်အာ ဏာရကွန်မြူနစ်ပါတီ၏ပြတ်သားသောရည်မှန်းချက်ပန်းတိုင်တစ်ခုဖြစ်ပြီး အချုပ်အခြာအာဏာနှင့် ပတ်သတ်၍မည်သည့်အပေးအယူမျှရှိလိမ့်မှာမဟုတ်ဘူးလို့ပြန်လည်ဖြေကြားခဲ့ကြောင်းသိရပါတယ်။

“တရုတ်ရဲ့ ပြန်လည်ပေါင်းစည်းရေးကို သေချာပေါက် နားလည်ဖို့လိုပါလိမ့်မယ်။ဒါဟာ ဘယ်သူက မှ အင်အားနဲ့တားဆီးလို့မရတဲ့ သမိုင်းလမ်းကြောင်းတစ်ခုပါပဲ” လို့ဝေ ကဆိုပါတယ်။

ထို့အပြင်ထိုင်ဝမ်နှင့်ပြန်လည်ပေါင်းစည်းရေးအတွက် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အနေ ဖြင့်လည်းလိုအပ်ပါကအသက်၊သွေးချွေးပေးဆပ်နိုင်ရန် ပြင်ဆင်ထားကြောင်း ၎င်းက ပြောပါတယ်။

“ဒါနဲ့ ရှင်းအောင်ပြောရဦးမယ်။ထိုင်ဝမ်ကို တရုတ်ကနေ ဖယ်ထုတ်ရဲတဲ့သတ္တိရှိတဲ့ ဘယ်သူ့ကိုမဆို တိုက်ပွဲဝင်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ စရိတ်စက အကုန်ခံပြီး တိုက်ပွဲဝင်မယ်။ အဆုံးထိ တိုက်ပွဲဝင်မယ်။ဒေသတွင်းမှာအမေရိကန်လုပ်ဆောင်နေတဲ့လမ်းစဉ်ကြောင့် ငါတို့နိုင်ငံဘယ်တော့မှ ပျက်မသွားစေရဘူး ။”လို့ ဝေ ကထပ်လောင်းပြောပါတယ်။

ယင်းအပြင် “လူ့ယဉ်ကျေးမှုရဲ့ အစီအစဉ်က တရားဥပဒေစိုးမိုးမှုပေါ်မှာ အခြေခံရမယ်။ မဟုတ်ရင် တောတွင်းဥပဒေကကြီးစိုးလိမ့်မယ်။တရုတ်ဟာစစ်အင်အားတိုးချဲ့ခြင်းဒါမှမဟုတ်လက်နက်ပြိုင် ဆိုင်မှု မှာဘယ်တော့မှ ဖော်မပြလိုပါဘူး။ တခြားသူတွေကို အနိုင်ကျင့်တာ မဟုတ်ပါဘူး၊ ဒါပေမယ့် တခြားသူတွေကို အနိုင်ကျင့်ဖို့ ခွင့်မပြုပါဘူး” ဟု ၎င်းကမှတ်ချက်ပြုပြောဆိုပါတယ်။

ဗိုလ်ချုပ်ကြီးဝေဖန်ဂီးအနေနဲ့တရုတ်နိုင်ငံ၏အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနကိုဦးဆောင်သူဖြစ် ပေမယ့်လည်းတရုတ်ကွန်မြူနစ်ပါတီ၏ဗဟိုစစ်ကော်မရှင်တွင်တရုတ်စစ်တပ်ကိုထိန်းချုပ်ထား သည့် ထိပ်တန်းစစ်အရာရှိတစ်ဦးတော့မဟုတ်ဘူးလို့သိရပါတယ်။

ဒေသတွင်းတင်းမာမှုအခြေအနေများ

တရုတ်နိုင်ငံအနေနဲ့ ရှန်ဂရီလာညီလာခံအတွင်း ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။

သြစတြေးလျနဲ့ ကနေဒါတို့လို အမေရိကန် မဟာမိတ် ကိုယ်စားလှယ်တွေက ဒေသတွင်းမှာ သွားလာလည်ပတ်နေတဲ့ သူတို့ရဲ့ လေယာဉ်တွေကို တရုတ်စစ်တပ်ကအန္တရာယ်ရှိတဲ့ ကြားဖြတ်ဟန့်တားမှုတွေလုပ်ဆောင်ခဲ့တာ အပါအဝင် ဘေဂျင်းအနေနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တယ်လို့ သူတို့အနေနဲ့ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံ၏ အမည်ကို သီးသန့်ဖော်ပြခြင်းမပြုပေမယ့်လည်း အာရှလုံခြုံရေးအခြေအနေသည် စိုးရိမ်ရဖွယ်ရှိလာတာကြောင့်တိုကျို၏ကာကွယ်ရေးအသုံးစရိတ်ကိုသိသိသာသာတိုးမြင့်လာစေပြီး ၎င်း၏လက်နက်တိုက်အတွက်ကာကွယ်တုံ့ပြန်နိုင်မည့်တန်ပြန်လက်နက်အမျိုးအစားများကိုရယူရန် စဉ်းစားနေကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီးဒါဒ က သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။

အခြားသော ဂျပန်နှင့် သြစတြေးလျ တို့ကဲ့သို့သော အမေရိကန်မဟာမိတ်များနှင့်၎င်းတို့ ၏ မိတ်ဖက်တပ်များအနေဖြင့်တောင်တရုတ်ပင်လယ်တွင်လှုပ်ရှားဆောင်ရွက်နေကြပြီးထိုတောင်တရုတ်ပင်လယ်နယ်နမိတ် အားလုံးနီးပါးမှာ ၎င်း၏အချုပ်အခြာပိုင် နယ်မြေများဖြစ်ကြောင်း တရုတ်က ပြောဆိုကြေငြာထားပါတယ်။

ဒါ့အပြင်တရုတ်နိုင်ငံသည်စတုရန်းမိုင်(၁.၃)သန်းကျယ်သောလူလုပ်ကျွန်းများကိုတောင်တရုတ်ပင်လယ်အတွင်း၌စစ်ရေးအရ တည်ဆောက်ကာစစ်စခန်းများချထားလျှက်ရှိနေပါတယ်။

သို့သော်တောင်တရုတ်ပင်လယ်အတွင်းအမေရိကန်ရေတပ်သင်္ဘောများစေလွှတ်ခြင်းဖြင့်အမေရိကန်နှင့်တင်းမာသောအခြေအနေများကိုဖြစ်ပေါ်စေတယ်လို့ ဝေ က ကောက်ချက်ချပါတယ်။

“အချို့သောအင်အားကြီးနိုင်ငံကြီးများကရေကြောင်း လွတ်လပ်စွာ သွားလာခွင့်ကို အကြောင်းပြပြီး ရေပြင်ပိုင်နက်ကိုပိုင်ဆိုင်တယ်လို့ ဖော်ညွှန်းနေကြတယ်” လို့ ဝေက ဆိုပါတယ်။

အမေရိကန်နှင့်တရုတ်တို့၏ဆက်ဆံရေးသည်အရေးပါသော အလှည့်အပြောင်း အခြေအနေ တစ်ခု တွင် ရှိနေသော်လည်း တင်းမာမှုများ ပျံ့နှံ့ ကြီးထွားလာသောအခါ အဆုံးအဖြတ်ပန်းတိုင်က ဝါရှင်တန်၏ တရားရုံးတွင် ရှိနေသည်ဟု ဆိုနေကြခြင်းအပေါ် ေ၀ ကငြင်းဆိုခဲ့ပါတယ်။

ဝါရှင်တန်နဲ့ဘေဂျင်းဆက်ဆံရေးတိုးတက်ကောင်းမွန်ဖို့အတွက်ဝါရှင်တန်ကဘေဂျင်းကိုသိက္ခာချပြီး တရုတ်ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်တာကိုရပ်တန့်ရမယ်လို့ဝေကမှတ်ချက်ပြုပြောပါတယ်။

“တရုတ်ကိုရန်ဘက်အနေနဲ့ဖြစ်စေ၊ရန်သူလိုဖြစ်စေ၊တရုတ်၏ရန်သူဘက်မှကာကွယ်၍ခြိမ်းခြောက် မှုဖြစ်စေရန် တွန်းအားပေးတိုက်တွန်းခြင်းများက သမိုင်းဝင် ဗျူဟာမြောက် အမှားတစ်ခု ဖြစ် လိမ့် မယ်” လို့ ၎င်းက ပြောပါတယ်။

အကယ်၍ ဝါရှင်တန်က ဘေဂျင်းကို “အပြန်အလှန်လေးစားမှု” ဖြင့် ဆက်ဆံနိုင်လျှင် နှစ်နိုင်ငံစလုံး ကြီးပွားတိုးတက်ရန်နေရာရှိလိမ့်မှာဖြစ်ပြီးအမေရိကန်ကတခြားနည်းလမ်းကိုရွေးချယ်ခဲ့ရင်တော့ကောင်းကျိုးရှိလာနိုင်မှာမဟုတ်ဘူးလို့ ဝေက ပြင်းပြင်းထန်ထန် သတိပေးပြောဆိုထားပါတယ်။

“ပူးပေါင်းဆောင်ရွက်ချင်ရင်အပြန်အလှန်အကျိုးအမြတ်နဲ့အနိုင်ရတဲ့ရလဒ်တွေကိုမြှင့်တင်သင့်တယ်။ဒါပေမယ့်ထိပ်တိုက်ရင်ဆိုင်ချင်ရင်အဆုံးထိတိုက်ပွဲဝင်သွားမှာပါ“လို့၎င်း ကပြတ်သားစွာ ထပ်မံ ပြောဆိုခဲ့ပါတယ်။

crd-

Add a Comment

Your email address will not be published. Required fields are marked *