ထိုင်ဝမ်အပေါ် စစ်ရေးစတင်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ ပေကျင်းအစိုးရ အမေရိကန်ကို သတိပေး ( မောင်လူအေးကြီး ဘိုင်ဒန်လက်ထက်မှာရော နောက်တပွဲဖြစ်လာနိုင်သေးလား )

ထိုင်ဝမ်အပေါ် စစ်ရေးစတင်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ ပေကျင်းအစိုးရ အမေရိကန်ကို သတိပေး ( မောင်လူအေးကြီး ဘိုင်ဒန်လက်ထက်မှာရော နောက်တပွဲဖြစ်လာနိုင်သေးလား )

ထိုင်ဝမ်ဟာ လွတ်လပ်ရေးကြေညာပါက စစ်ပွဲစတင်ဖို့ တရုတ်နိုင်ငံဟာ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း သောကြာနေ့ ဇွန်လ ၁၀ ရက်နေ့က တရုတ်ကာကွယ်ရေးဝန်ကြီးက သူ့ရဲ့ အမေရိကန် မိတ်ဘက်ကို သတိပေးပြောကြားခဲ့တယ်လို့ CNA သတင်းက ရေးသားဖော်ပြထားပါတယ်။ ဝန်ကြီး ဝီ ဖန်ဟီးက စင်ကာပူမှာကျင်းပတဲ့ ရှန်ဂရီ- လာ ဒိုင်ယာလော့ လုံခြုံရေးထိပ်သီး အစည်းအဝေးအတွင်း

အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လွိုက် အော့စတင်နဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံစဉ်မှာ အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ တရုတ်ကျူးကျော်မှုရဲ့ အဆက်မပြတ် ခြိမ်းခြောက်မှုအောက်မှာ နေထိုင်ရတဲ့ ဒီမိုကရေစီ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးတော့ အမေရိကန်- တရုတ် တင်းမာမှုတွေက

ဆက်လက်မြင့်တက်လာနေပါတယ်။ ပေကျင်းက ကျွန်းကို သူရဲ့ ပိုင်နက်အဖြစ် ရှုမြင်ထားပြီး လိုအပ်ပါက အင်အား သုံးပြီး တစ်နေ့မှာ သိမ်းယူမယ် လို့ ကတိပြုထားပါတယ်။ ထိုင်ဝမ်ကို တရုတ်နိုင်ငံကနေ ခွဲထွက်ဖို့ သတ္တိရှိတဲ့ ဘယ်သူ့ကိုမဆို တရုတ်စစ်တပ်က စစ်ကုန်ကျစရိတ် ဘယ်လောက်ကုန်ကုန် စစ်ပွဲစတင်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ပါဘူးလို့

ကာကွယ်ရေးဝန်ကြီး ဝီက အမေရိကန်မိတ်ဘက် အော့စတင်ကို အစည်းအဝေးအတွင်း သတိပေးပြောကြားခဲ့တယ်ဆိုတဲ့ အကြောင်းကို ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝီကွမ်က ကိုးကားပြီး ဆိုပါတယ်။
ပေကျင်းက ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကြံစည်မှုကို ဖြိုခွင်းပြီး အမိမြေပြန်လည်ပေါင်းစည်းရေးကို ပြတ်ပြတ်သား သားထောက်ခံသွားမယ်လို့

တရုတ်ဝန်ကြီးက ကတိပြုခဲ့ကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောကြားချက်အရသိရပါတယ်။ ထိုင်ဝမ်က တရုတ်အပိုင်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ထိုင်ဝမ်ဟာ တရုတ်ကို ထိန်းချုပ်ဖို့ ဘယ်သောအခါမှ အောင်မြင်မှာ မဟုတ်ဘူးဆိုတဲ့အကြောင်းလဲ ကာကွယ်ရေးဝန်ကြီးက အလေးပေး ပြောကြားခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။

crd-

Add a Comment

Your email address will not be published. Required fields are marked *