မဖြေတဲ့သူနဲ့ ဆုံးတဲ့သူပဲ မအောင်မယ့် စကစရဲ့ ၃ လပြတ် ဆယ်တန်းစာမေးပွဲ (သို့မဟုတ် ) ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း ထုတ်ပြန်ကြေညာ

မဖြေတဲ့သူနဲ့ ဆုံးတဲ့သူပဲ မအောင်မယ့် စကစရဲ့ ၃ လပြတ် ဆယ်တန်းစာမေးပွဲ (သို့မဟုတ် ) ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း ထုတ်ပြန်ကြေညာ

၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအား၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ စတင် စစ်ဆေးသွားမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်ကနေစပြီး ဧပြီလ ၉ ရက်နေ့အထိ ဖြေဆိုချိန် နံနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ စီစဉ်ထားတာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကိုတော့

မတ်လရဲ့နောက်ဆုံးနေ့မှာပြုလုပ်ဖို့ စီစဉ်ထားတဲ့အတွက် ကျောင်းသား/သူတွေရဲ့ စာသင်ချိန်ကာလ ၅ လသာရှိပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်းတွေကတော့ မတ်လ ၃၁ ရက်နေ့မှာ မြန်မာစာ၊ ဧပြီ ၁ ရက်နေ့မှာ အင်္ဂလိပ်စာ၊ ၂ ရက်နေ့မှာ သင်္ချာ၊ ၄ ရက်နေ့မှာ ဓာတုဗေဒ၊ ၅ ရက်နေ့မှာ ရူပဗေဒ၊ ၆ ရက်နေ့မှာ ဇီဝ‌ဗေဒနဲ့ ဘောဂဗေဒ၊ ၇ ရက်နေ့မှာ ပထဝီဝင်၊ ၈ ရက်နေ့မှာ

သမိုင်းဘာသာရပ်နဲ့ ၉ ရက်နေ့မှာ စိတ်ကြိုက်မြန်မာစာတို့ ဖြစ်ကြပါတယ်။ တက္ကသိုလ် ဒီဂရီကောလိပ်နှင့် ကောလိပ်တွေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်အရ ”ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များ တွင်(၂၀၁၉-၂၀၂၀) ပညာသင်နှစ်နှင့် (၂၀၂၁-၂၀၂၂)ပညာသင်နှစ်များအတွက်

ဘွဲ့သင်တန်းအသီးသီးကို (၆-၁-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။ ဖွင့်လှစ်မည့်သင်တန်းများမှာ ဥပဒေပညာ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊

ပညာရေး စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) ၊ မဟာအရည်အချင်းစစ်သင်တန်း (ပထမနှစ်ဝက်) ၊ မဟာဘွဲ့သင်တန်း ပထမနှစ် (ပထမနှစ်ဝက်)၊ မဟာဘွဲ့သင်တန်း ဒုတိယနှစ် (ပထမနှစ်ဝက်) သင်တန်းတို့ဖြစ်သည်ဟု” အဆင့်မြင့်ပညာဦးစီးဌာန၊ပညာရေးဝန်ကြီးဌာနကကြေညာထားပါတယ်။

crd-

ေဇာ္ဂ်ီ

မေျဖတဲ့သူနဲ႔ ဆုံးတဲ့သူပဲ မေအာင္မယ့္ စကစရဲ႕ ၃ လျပတ္ ဆယ္တန္းစာေမးပြဲ (သို႔မဟုတ္ ) ၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ အခ်ိန္စာရင္း ထုတ္ျပန္ေၾကညာ

၂၀၂၂ ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲအား၂၀၂၂ ခုႏွစ္ မတ္လ ၃၁ ရက္ေန႔မွ စတင္ စစ္ေဆးသြားမယ္လို႔ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနကထုတ္ျပန္လိုက္ပါတယ္။ ၂၀၂၂ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ ၃၁ ရက္ကေနစၿပီး ဧၿပီလ ၉ ရက္ေန႔အထိ ေျဖဆိုခ်ိန္ နံနက္ ၉ နာရီကေန ေန႔လည္ ၁၂ နာရီအထိ စီစဥ္ထားတာျဖစ္ပါတယ္။ တကၠသိုလ္ဝင္စာေမးပြဲကိုေတာ့

မတ္လရဲ႕ေနာက္ဆုံးေန႔မွာျပဳလုပ္ဖို႔ စီစဥ္ထားတဲ့အတြက္ ေက်ာင္းသား/သူေတြရဲ႕ စာသင္ခ်ိန္ကာလ ၅ လသာရွိပါတယ္။ တကၠသိုလ္ဝင္စာေမးပြဲအခ်ိန္စာရင္းေတြကေတာ့ မတ္လ ၃၁ ရက္ေန႔မွာ ျမန္မာစာ၊ ဧၿပီ ၁ ရက္ေန႔မွာ အဂၤလိပ္စာ၊ ၂ ရက္ေန႔မွာ သခ်ၤာ၊ ၄ ရက္ေန႔မွာ ဓာတုေဗဒ၊ ၅ ရက္ေန႔မွာ ႐ူပေဗဒ၊ ၆ ရက္ေန႔မွာ ဇီဝ‌ေဗဒနဲ႔ ေဘာဂေဗဒ၊ ၇ ရက္ေန႔မွာ ပထဝီဝင္၊ ၈ ရက္ေန႔မွာ

သမိုင္းဘာသာရပ္နဲ႔ ၉ ရက္ေန႔မွာ စိတ္ႀကိဳက္ျမန္မာစာတို႔ ျဖစ္ၾကပါတယ္။ တကၠသိုလ္ ဒီဂရီေကာလိပ္ႏွင့္ ေကာလိပ္ေတြကို ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၆ ရက္ေန႔မွာ ဖြင့္လွစ္သြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။ ထုတ္ျပန္ခ်က္အရ ”ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာနရွိ တကၠသိုလ္၊ ဒီဂရီေကာလိပ္ႏွင့္ေကာလိပ္မ်ား တြင္(၂၀၁၉-၂၀၂၀) ပညာသင္ႏွစ္ႏွင့္ (၂၀၂၁-၂၀၂၂)ပညာသင္ႏွစ္မ်ားအတြက္

ဘြဲ႕သင္တန္းအသီးသီးကို (၆-၁-၂၀၂၂) ရက္ေန႔တြင္ စတင္ဖြင့္လွစ္မည္ဟု ေၾကညာလိုက္ျခင္းျဖစ္သည္။ ဖြင့္လွစ္မည့္သင္တန္းမ်ားမွာ ဥပေဒပညာ စတုတၳႏွစ္ (ဒုတိယႏွစ္ဝက္)၊

ပညာေရး စတုတၳႏွစ္ (ဒုတိယႏွစ္ဝက္) ၊ မဟာအရည္အခ်င္းစစ္သင္တန္း (ပထမႏွစ္ဝက္) ၊ မဟာဘြဲ႕သင္တန္း ပထမႏွစ္ (ပထမႏွစ္ဝက္)၊ မဟာဘြဲ႕သင္တန္း ဒုတိယႏွစ္ (ပထမႏွစ္ဝက္) သင္တန္းတို႔ျဖစ္သည္ဟု” အဆင့္ျမင့္ပညာဦးစီးဌာန၊ပညာေရးဝန္ႀကီးဌာနကေၾကညာထားပါတယ္။

crd-

Add a Comment

Your email address will not be published.