လိုအပ်လိုဖြစ်စေ ပိုနေလို့ဖြစ်စေ… ရာခိုင်နှုန်းပေးပြီး ငွေလဲ ငွေထုတ်လုပ်သူများ အလိမ်မခံရစေရန် သိထားသင့်သည်များ..

လိုအပ်လိုဖြစ်စေ ပိုနေလို့ဖြစ်စေ… ရာခိုင်နှုန်းပေးပြီး ငွေလဲ ငွေထုတ်လုပ်သူများ အလိမ်မခံရစေရန် သိထားသင့်သည်များ..

ငွေလဲငွေထုတ်လုပ်သူများအတွက် လွန်စွာအရေးကြီးလှသည့်စာ ဖြစ်သောကြောင့် အောက်ဆုံးအထိဖတ်ရှုသင့်ပါတယ်.. ငွေပေးမည့်ငွေရှင်သည် ငွေထုတ်မည့်သူရှိသည့်နေရာသို့ ပိုက်ဆံသွားပို့သည့်အခါ လမ်းမှာလုယူခြင်းများ၊ အသက်ဆုံးရှုံးရခြင်းများ၊ ပွဲစားကြားခံအ ရှုပ်တော်ပုံများဖြစ်ပေါ်နေပါတယ်.. ငွေပေးမည့် ငွေရှင်ဘက်ကနေ ဘယ်လိုမျိုးလုပ်ဆောင်သင့်သလဲဆိုရင်.. ငွေထုတ်မည့်သူ၏ Mobile banking ထဲမှာ ငွေ ရှိ မရှိ ကို အရင်ဆုံး messenger ကနေ တောင်းကြည့်လိုက်ပါ။ Mobile banking ထဲက ပိုက်ဆံနှင့်တကွ လက်ရှိအချိန်နာရီပါသော ss ပုံကို ပို့ပေးခိုင်းပါ။

ငွေထုတ်မည့်သူဘက်မှ အထက်ဖော်ပြပါ အချက်နှစ်ချက်ကို ပြနိုင်ခဲ့ပါက လူချင်း face to face ဆုံတွေ့သည့်အခါတွင် ငွေအရင်မပြသေးပဲ Banking ထဲကပိုက်ဆံကို ထပ်မံစစ်ဆေးပါ။ အချက်သုံးချက်စလုံးနှင့် ကိုက်ညီမှုရှိကြောင်း သေချာစစ်ဆေးပီးလျှင် အလုပ်ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ အစကတည်းက ဘာမှမပြနိုင်ခဲ့ရင်တော့ မသိချင်ယောင်ဆောင်တာဖြစ်စေ

block တာဖြစ်စေ လုပ်ဆောင်လိုက်ပါ။ ငွေရှင်ဘက်မှ ပိုက်ဆံကို ငွေထုတ်မည့်သူရှိရာနေရာသို့ သွားရောက်ပို့ဆောင်မည်ဆိုပါက ပို့ပေးရမည့်သူ၏ မြို့နယ်နှင့် လမ်းလိပ်စာကို တောင်းယူပါ။ ငွေအမောင့်များများ ပို့ပေးမည့်သူသည် မိမိ၏ လက်ရှိ way ဘယ်နေရာရောက်နေကြောင်းကို ငွေထုတ်မည့်သူဘက်သို့ အသိပေးရန် မလိုအပ်ပါ။ ငွေထုတ်မည့်သူဘက်မှ လာမည့်လမ်းမှာ

လက်ထော်ချထားလျှင် အကုန်ပါသွားမည်ဖြစ်ပါသည်။ ငွေလဲမည့်သူဘက်မှ banking ss ကို online ကပြသော်လည်း လူရောက်လာလို့ banking မပါပဲ တခြားနေရာက လွှဲပေးလိုက်မှာမျိုးဆိုလည်း လက်ရှောင်သင့်ပါတယ်။ ချက်လက်မှတ်နဲ့ ထုတ်မည်ဆိုပါက လုံးဝမလုပ်ပါနဲ့။ စာအုပ်ပဲရှိတယ် ဘဏ်မှာလိုက်ထုတ်ပေးဆိုလည်း မလုပ်ပါနဲ့။ ဘဏ်တွေဖွင့်တာ ကြာလှပါပီ။

ငွေထုတ်မည့်သူတွေကို Mobile banking ကိုရှေးဦးစွာလုပ်ဆောင်ခိုင်းပါ။ ငွေထုတ်မည့်သူဘက်ကကော ဘယ်လိုလုပ်ဆောင်သင့်သလဲ။ ငွေထုတ်မည့်သူကဘက်က မိမိရဲ့ banking ထဲမှာရှိတဲ့ လက်ရှိအချိန်နာရီနှင့် Emoney ပုံကို ပေးပို့ရာတွင် ဖုန်းမှာ Text ရိုက်ပီး Emoney အပေါ်မှာ မိမိ name နှင့် Emoney အောက်မှာ Don’t copy ဆိုတဲ့ Logo ပုံစံမျိုး ထည့်ရေးပေးသင့်ပါသည်။

သို့မှသာလူလိမ်ကမိမိရဲ့ ss ပုံကို တခြားနေရာမှာ မသုံးနိုင်မှာဖြစ်ပါတယ်။ ငွေပေးမည့်သူဆီမှာ ငွေသွားထုတ်ရာတွင် ငွေသားအုပ်လိုက်ကို အရင်ပြခိုင်းပါ။ ငွေသားမပြနိုင်ပဲ နောက်တနာရီကြာမှယူပါ။ ဆိုင်ထဲမှာ ငွေရှိပါတယ် ဓာတ်ပုံရိုက်ပြတာမျိုးဆို လုံးဝမလဲ အားမနာပဲ ရှောင်ထွက်ခဲ့ပါ။ ငွေကိုအရင်လွှဲပေးပါ %ကို ၂%လောက်သက်သာတာဆိုရင်လည်း သိသိမသိသိ အရင်မထည့်ပေးပါနဲ့။ ငွေသွားလဲရာတွင်

လူပျက်သောနေရာ၊ ညအမှောင်ချိန်တွင် ချိန်းပီးလဲတာ ဘယ်သောအခါမှ မလုပ်ပါနဲ့။ လမ်းမှာချိန်းပီးငွေလဲရာတွင် public cctv ရှိသော ဆိုနေရာတနေရာတွင်သာ လုပ်ဆောင်သင့်ပါသည်။ တခေတ်မှာ ဆန်းသစ်ခဲ့သော လိမ်နည်းတမျိုးဖြစ်တဲ့ အရင်းနှီးဆုံးလူ နောက်ကျောဓားထိုးခြင်း ဟုတင်စားရမည့် မိမိအကောင့်ထဲကငွေကို မိမိနှင့်ရင်းနှီးသူထံ အရင်ထည့်ပေးပီး

%သက်သာမျိုး ရှာခိုင်းသည်ဖြစ်စေ၊ ငွေလိုအပ်လို့ ရှာခိုင်းသည်ဖြစ်စေ အလိမ်ခံရသည့်ဖြစ်စဉ်များသည် ယနေ့ထက်တိုင်ရှိနေစဲဖြစ်ပါသည်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတခုကို ပြောပြရမည်ဆိုလျှင် ငွေထုတ်ပေးမည့်သူဆီကို ငွေသားလိုချင်တဲ့သူက ငွေထုတ်ချင်လို့ ရောက်လာပါတယ်။ ငွေထုတ်ပေးမည့်သူက နာမည်ကြီးဆိုင် တဆိုင်ထဲမှာရှိတဲ့ သူရဲ့အပတ်အသတ်ပေါ့။ ထိုလိမ်မဲ့သူက ပိုက်ဆံကို

အရင်မပြပါဘူး။ နာမည်ကြီးဆိုင်ထဲမှာ ပိုက်ဆံအုပ်လိုက်ရှိနေတဲ့ဓာ်ပုံကို အရင်ပြပါတယ်။ အကောင့်ထဲငွေ အရင်လွှဲပေးပါ။ ဆိုင်ထဲမှာတော့ ဝင်ယူလို့မရပါဘူး။ အကောင့်ထဲရောက်ပီးရင် ဆိုင်ထဲကငွေသွား ယူပေးပါ့မယ်ဆိုပီးပေါ့။ ငွေထုတ်မည့်သူကလည်း နာမည်ကြီးဆိုင်ရှေ့ရောက်နေပီဆိုတော့ ယုံကြည်ပီး လွှဲပေးလိုက်ရော ပလုံပီပေါ့။ တနည်းပြောရရင် ထိုသူက ဓာတ်ပုံကို ကြိုတင်ရိုက်ထားပီး

ကြံစည်ထားတာပေါ့။ ဖြစ်ရပ်မှန်ဇာတ်လမ်းနောက်တခုက ငွေထု်ချင်တဲ့သူက နယ်ကနေလှမ်းလွှဲတာပါ။ ငွေယူတဲ့သူက နယ်ကနေလှမ်းလွှဲတဲ့သူမဟုတ်ပဲ သူ့ရဲ့လူတယောက်ကို ရန်ကုန်မှာ လာယူခိုင်းတာပါ။ ငွေထုတ်ပေးမဲ့သူကအကောင့် ထဲပိုက်ဆံရောက်လာတော့ နယ်ကနေလွှတ်လိုက်တဲ့သူကို ပိုက်ဆံပေးလိုက်ပါပီ။ နောက်နေ့ကြတော့ နယ်ကသူကလွှဲပေးလိုက်တဲ့ပိုက်ဆံသူ့ဆီ မရောက်သေးဘူးဆိုပီး တိုင်တာပေါ့။

သူလွှတ်လိုက်တဲ့သူဆီမှာ ပိုက်ဆံမရသေးဘူး။ ငွေထုတ်ပေးတဲ့သူက ပိုက်ဆံမပေးပါဘူးဆိုပီး ဗြောင်ငြင်းတာပေါ့။ အဲ့လိုအဖြစ်မျိုးကြုံခဲ့ရလျှင် အထောက်အကူဖြစ်နိုင်အောင် ငွေလာထုတ်သူ၏ မှတ်ပုံတင်ကို ဓာတ်ပုံအရှေ့အနောက် ရိုက်ယူထားလိုက်ပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းပေါင်းများစွာထဲက နာမည်ဖျောက်ထားပီး ဖော်ပြပေးလိုက်ပါတယ်.. သတိကတော့ ပိုတယ်ဆိုပီးမရှိပါဘူး.. ရေးသားတင်ပြခဲ့တဲ့

စာတွေကိုဖတ်မိပီး သတိထားရှောင်ရှားနိုင်ခဲ့တယ်ဆိုရင် ရေးသားရကျိုးနပ်ပါတယ်.. လူလူချင်းလှည့်ပတ်ခြင်းမှ ကင်းဝေးကြပီး လူကောင်းတွေအချင်းချင်းသာ ဆုံတွေ့ကြပါစေဟု ဆုတောင်းပေးလိုက်ရပါတယ်။

စေတနာများစွာဖြင့်.. Moe Sat

Add a Comment

Your email address will not be published.