လူမနေတဲ့ အိမ်ကို မီတာခ (၅) သောင်းကျော်ကျတယ် ဆိုပြီး မီတာမဖတ်ပဲ ယူနစ် ၅၀၀ ကျော် ပိုကောက်တဲ့ ကိစ္စ ….
|လူမနေတဲ့ အိမ်ကို မီတာခ (၅) သောင်းကျော်ကျတယ် ဆိုပြီး မီတာမဖတ်ပဲ ယူနစ် ၅၀၀ ကျော် ပိုကောက်တဲ့ ကိစ္စ ….
လူမနေတဲ့ အိမ်ကို မီတာခ (၅) သောင်းကျော်ကျတယ် ဆိုပြီး မီတာမဖတ်ပဲ ယူနစ် ၅၀၀ ကျော် ပိုကောက်တဲ့ ကိစ္စ ရန်ကုန် မြောက်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ မီတာခ ပိုကောက်တာ ခံနေရတဲ့ ပြည်သူတဦးက လူမှုကွက်ရက်မှာ အခုလို ရေးသားထားပါတယ်။ ကျွန်တော့်အိမ်ကို မီတာစာရွက်လာလို့ စစ်ကြည့်တော့ ၅၂၁
ယူနစ်သုံးထားတယ်ဆိုပြီး ၅၈၁၇၅/- ကျတယ်ဆိုလို့ မီတာရုံးက line incheck ကိုခေါ်ပြီး ဓါတ်တိုင်ပေါ်တက်ပြီး စစ်ဆေးကြည့်တော့ နောက်ဆုံးယူနစ်က ၂၃၉၇ ပါ။ မီတာရုံးက ၂၉၀၄ ဆိုပြီး လာကောက်တဲ့အတွက် ယူနစ် ၅၀၇ တောင် ပိုကောက်ထားပါတယ်။ ရုံးကိုသွားပြောတော့လည်း
ရူးသလိုကြောင်သလိုနဲ့ တာဝန်ခံပြောမယ့်သူ တစ်ယောက်မှမရှိပါဘူး။ မီတာကို လာမဖတ်ပဲ ညာကောက်နေပါတယ်။ လိုင်းခန်းရလို့ အိမ်မှာမနေတာ ၂ လရှိပါပြီ။ လူမနေတဲ့အိမ်ကို မီတာစောင့်ရှောက်ခပဲကောက်ရမှာကို ၂၀၀ ယူနစ်ကျော်ရင် ၁၂၅ ကျပ်နဲ့ ပိတ်ကောက်ပြီး
ပြည်သူကို ထိခိုက်အောင်လုပ်နေပါတယ်။ တာဝန်ရှိလူကြီးမင်းများ ဖြေရှင်းပေးနိုင်ပါရန် မီတာစာရွက်၊ မီတာမှယူနစ်တို့အား ပူးတွဲတင်ပြအပ်ပါတယ်။
(Kyaw Thura)
ဇော်ဂျီ
(Kyaw Thura)