သူခိုး၊ဓားပြတွေ အတင့်ရဲလာတဲ့ ခေတ်ကာလကြီးမှာ သော့ခလောက်တွေကို ဖြတ်နိုင်တဲ့ Bolt cutter မှ ကာကွယ်သော့ခတ်နည်း

သူခိုး၊ဓားပြတွေ အတင့်ရဲလာတဲ့ ခေတ်ကာလကြီးမှာ သော့ခလောက်တွေကို ဖြတ်နိုင်တဲ့ Bolt cutter မှ ကာကွယ်သော့ခတ်နည်း

လတ်တလောမှာအဖြစ်များနေတဲ့ သော့ခတ်ထားတဲ့ အိမ်ခြံဝင်းတွေ၊ ဆိုင်ခန်းသော့တွေကို bolt cutter အသုံးပြုဖြတ်တောက်ပြီး ဖောက်ထွင်းခိုးယူနေကြတာတွေအတွက် အလွယ်တကူဖြတ်တောက်လို့မရအောင် သော့ခတ်နည်းလေးမျှဝေပေးလိုက်ပါတယ်။ Bolt cutter ဟာသော့ခလောက်တွေကိုဖြတ်နိုင်ပါတယ်။Bolt cutter မှာ

အသွားနှစ်ခုပါပါတယ်။ သော့ခလောက်မှာပါတဲ့ သံချောင်းကိုအဲ့ဒီအသွားနှစ်ခုကြားထဲ မဝင်နိုင်အောင် ပုံမှာပြထားတဲ့အတိုင်း ဝါရှာနဲ့ နပ်တွေကို မိမိသော့ခလောက်အရွယ်ပေါ်မူတည်ပြီးထည့်သွင်းအသုံးပြုကြည့်ပါ။

အဓိကက သော့ခလောက်အတွင်းကို bolt cutterထည့်လို့မရအောင် ဝါရှာနဲ့နပ်တွေခံပေးလိုက်တာပါပဲ။နောက်တစ်ချက်အနေနဲ့သော့ခလောက်

ကိုမြင့်နိုင်သလောက်အမြင့်မှာခတ်ပါ။ bolt cutter ဟာ leverage ခေါ်ကုတ်အား၊မောင်းတံအပေါ်တည်ပါတယ်။လက်နှစ်ဖက်ကို အားကုန်သုံးရတဲ့အတွက်ခါးအမြင့်လောက်မှာကုတ်အားအကောင်းဆုံးဖြစ်ပြီး မြင့်လေကုတ်အားနည်းလေဖြစ်ပါတယ်။ အရည်အသွေးမြင့်တဲ့သော့ခလောက်ကိုသုံးပါ။သံကြိုးမသုံးပါနဲ့။ဖြတ်ရတယ်ပိုလွယ်ပါတယ်။

အကောင်းဆုံးကတော့လူစောင့်ထားနိုင်ရင်ပိုကောင်းပါတယ်။ဖောက်ထွင်းခိုးယူခံရခြင်းမှ ကင်းဝေးကြပါစေ။

crd-

Add a Comment

Your email address will not be published. Required fields are marked *