သူမတောင် မသိလိုက်ဘဲ Fan Pages တွေဖွင့်ပြီးပြန်ရောင်းစားကာ ကိုယ်ကျိုးရှာနေသူတွေကို သတိပေးစကားဆိုလိုက်တဲ့ မေမီကိုကို…

သူမတောင် မသိလိုက်ဘဲ Fan Pages တွေဖွင့်ပြီးပြန်ရောင်းစားကာ ကိုယ်ကျိုးရှာနေသူတွေကို သတိပေးစကားဆိုလိုက်တဲ့ မေမီကိုကို…

ပရိသတ်ကြီးရေ မေမီကိုကိုကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ မေမီကိုကို ကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ရိုက်ကူးသမျှဇာတ်လမ်းတွဲတွေတိုင်းကအောင်မြင်မှုတွေရရှိနေခဲ့ပါသေး တယ်။

အောင်မြင်မှုတွေရရှိလာချိန်မှာတော့ နာမည်ယူသုံးပြီး Page အတုတွေဖွင့်ကာ ပရိသတ်နဲ့ အထင်မြင်လွဲမှာအောင်လုပ်ခံရတာတွေကို အနုပညာရှင်တွေကြုံတွေ့နေကြရစမြဲပါ။ မေမီကိုကိုကလည်း လတ်တလောမှာ အခုလို Page အတုတွေကြောင့် စိတ်ရှုပ်နေခဲ့ရပြီး ဒီနေ့မှာတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “Pageအတု အထူးသတိပြုပေးပါ… Fan Pageနာမည်ခံပါ…

အစကမပြောတော့ဘူးလုပ်ထားပေမဲ့ ဂိမ်းကြော်ငြာတွေရယ် ကျွန်တော်ကိုယ်တိုင်စည်းစောင့်ပြီးမတင်ဖြစ်တဲ့ iFilm ရဲ့လုပ်ငန်းသုံး video တွေပါယူတင်ပါတယ်… follower တွေက တဖြည်းဖြည်းတက်လာတယ် ခွဲခြားမသိတဲ့လူတွေက pageအစစ်လို့ထင်ကြတယ်…

ကိုယ့်အသိတွေမှ အများကြီးပဲ…. အဲ့pageအတုရဲ့ admin က pageအများကြီးကို တစ်ယောက်တည်းကိုင်ထားတယ် မကြေးစည်ကသရုပ်ဆောင်တွေအကုန်လုံးရဲ့နာမည်နဲ့အပြင်အခု လက်ရှိလွင့်နေတဲ့ဆုတောင်းက သရုပ်ဆောင်တွေပါ ပါလာပြီ….ဂိမ်းကြော်ငြာaddတဲ့သူတွေကိုလည်း အတုမှန်းသိရဲ့ ကြော်ငြာအပ်တာနာမည်အလွှဲသုံးစားလုပ်မှုကို အားပေးအားမြောက်မှုလုပ်တာနဲ့ အတူတူ ပါပဲ။

သတိထားပါ ကျွန်တော်ခွင့်မပြုပါဘူး…ဒီpageအတုတွေက ပြီးရင် pageတွေကို ရောင်းစားကြတာပါ မဟုတ်တဲ့pageအဖြစ်ပြောင်းလဲလိုက်ရင် ကိုယ့်ကို ချစ်လို့အားပေးတဲ့သူတွေထိခိုက်မှာစိုးလို့ပါ…အဆင်ပြေမယ်ဆို rpလေး ဝိုင်းကျွေးပေးပါဦး” ဆိုပြီး ထိထိမိမိနဲ့ သတိပေးလိုက်တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတွေလည်း သတိပြုမိကြစေဖို့ မျှဝေဖော်ပြလိုက်ပါ တယ်နော်။

Source : May Mi Ko Ko – မေမီကိုကို
Crd CeleGabar
zawgyi






Crd CeleGabar

Add a Comment

Your email address will not be published.