အခြေခံလူတန်းစားတွေ သက်သာဖို့ ကြက်ဥ ၃ လုံး ကို ၂၀၀ ကျပ် အစီအစဉ် လေးအကြောင်းတစေ့တစောင်း……..

အခြေခံလူတန်းစားတွေ သက်သာဖို့ ကြက်ဥ ၃ လုံး ကို ၂၀၀ ကျပ် အစီအစဉ် လေးအကြောင်းတစေ့တစောင်း……..

ရန်ကုန် ဒဂုံအရှေ့ ၇/၈ ဂိတ်ဟောင်းလမ်းဆုံ၊ ငထွေးရူးလမ်းမကြီး သူထက်စံ မုန်ဟင်းခါးဆိုင် နေရာမှာ မနေ့က ညနေက စတင် ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ အ‌ခြေခံလူတန်းစားတွေ သက်သာချောင်ချိရေး ဖြစ်စေဖို့ ကြက်ဥ (၃) လုံး ကို ကျပ် ၂၀၀ နဲ့ အပတ်စဉ် တစ်ပတ်

တစ်ရက် ရောင်းချပေးသွားမယ်လို့ စေတနာရှင် ပရဟိတကုသိုလ်တော်အသင်း က သိရပါတယ်။ တပတ်ကို စနေ၊ တနင်္ဂနွေ တရက်ရက်မှာ ရောင်းချပေးမှာ ဖြစ်ကြောင်း၊ ဦးရာလူ စနစ်နဲ့ ရောင်းချမှာ ြဖ်စကြောင်း၊ ကြက်ဥ အလုံး ကိုးရာ လူအယောက် ၃၀၀ စာရောင်းချပေးမှာ

ဖြစ်ကြောင်း အသင်းအတွင်းရေးမှူး ကိုဝေဖြိုးအောင်က ပြောပါတယ်။ ကြက်ဥအပြင် အခြေခံလူတန်းစားတွေအတွက် ကျပ် ၂၀၀ တန် ဘဲဥတစ်လုံးသီးစုံပဲကုလားဟင်းကိုပါ ရောင်းချပေးမှာဖြစ်တယ် လို့လည်း ကိုဝေဖြိုးအောင် ကပြောပါတယ်။ အပြင်ဈေးတွေမှာ ကြက်ဥ တလုံးကို

အနည်းဆုံး ကျပ် ၁၅၀ ပေးနေရတဲ့ အချိန်မှာ သုံးလုံးကို ၂၀၀ နဲ့ ရောင်းချပေးတဲ့အတွက် အခြေခံလူတန်းစားတွေအနေနဲ့ အဆင်ပြေကြောင်း ပြည်သူတဦးက ပြောပါတယ်။ အခြေခံလူတန်းစားတွေအတွက် ကျပ် (၅၀၀) တန် ထမင်းဆိုင်တွေ ဖွင့်လာသကဲ့သလို့ ယခုလို စားသောက်ကုန်များ၊

လူသုံးကုန်များကိုပါ ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးနိုင်ရန် ပိုမို အဆင်ပြေလာမယ်လို့ ပြည်သူတွေက မှတ်ချက်ပြုထားကြပါတယ်။

CRD-

ေဇာ္ဂ်ိ

အေျခခံလူတန္းစားေတြ သက္သာဖို႔ ၾကက္ဥ ၃ လုံး ကို ၂၀၀ က်ပ္ အစီအစဥ္ ေလးအေၾကာင္းတေစ့တေစာင္း……..

ရန္ကုန္ ဒဂုံအေရွ႕ ၇/၈ ဂိတ္ေဟာင္းလမ္းဆုံ၊ ငေထြး႐ူးလမ္းမႀကီး သူထက္စံ မုန္ဟင္းခါးဆိုင္ ေနရာမွာ မေန႔က ညေနက စတင္ ေရာင္းခ်ေပးခဲ့တာ ျဖစ္ပါတယ္။ အ‌ေျခခံလူတန္းစားေတြ သက္သာေခ်ာင္ခ်ိေရး ျဖစ္ေစဖို႔ ၾကက္ဥ (၃) လုံး ကို က်ပ္ ၂၀၀ နဲ႔ အပတ္စဥ္ တစ္ပတ္

တစ္ရက္ ေရာင္းခ်ေပးသြားမယ္လို႔ ေစတနာရွင္ ပရဟိတကုသိုလ္ေတာ္အသင္း က သိရပါတယ္။ တပတ္ကို စေန၊ တနဂၤေႏြ တရက္ရက္မွာ ေရာင္းခ်ေပးမွာ ျဖစ္ေၾကာင္း၊ ဦးရာလူ စနစ္နဲ႔ ေရာင္းခ်မွာ ျဖ္စေၾကာင္း၊ ၾကက္ဥ အလုံး ကိုးရာ လူအေယာက္ ၃၀၀ စာေရာင္းခ်ေပးမွာ

ျဖစ္ေၾကာင္း အသင္းအတြင္းေရးမႉး ကိုေဝၿဖိဳးေအာင္က ေျပာပါတယ္။ ၾကက္ဥအျပင္ အေျခခံလူတန္းစားေတြအတြက္ က်ပ္ ၂၀၀ တန္ ဘဲဥတစ္လုံးသီးစုံပဲကုလားဟင္းကိုပါ ေရာင္းခ်ေပးမွာျဖစ္တယ္ လို႔လည္း ကိုေဝၿဖိဳးေအာင္ ကေျပာပါတယ္။ အျပင္ေဈးေတြမွာ ၾကက္ဥ တလုံးကို

အနည္းဆုံး က်ပ္ ၁၅၀ ေပးေနရတဲ့ အခ်ိန္မွာ သုံးလုံးကို ၂၀၀ နဲ႔ ေရာင္းခ်ေပးတဲ့အတြက္ အေျခခံလူတန္းစားေတြအေနနဲ႔ အဆင္ေျပေၾကာင္း ျပည္သူတဦးက ေျပာပါတယ္။ အေျခခံလူတန္းစားေတြအတြက္ က်ပ္ (၅၀၀) တန္ ထမင္းဆိုင္ေတြ ဖြင့္လာသကဲ့သလို႔ ယခုလို စားေသာက္ကုန္မ်ား၊

လူသုံးကုန္မ်ားကိုပါ ေဈးႏႈန္းသက္သာစြာနဲ႔ ေရာင္းခ်ေပးႏိုင္ရန္ ပိုမို အဆင္ေျပလာမယ္လို႔ ျပည္သူေတြက မွတ္ခ်က္ျပဳထားၾကပါတယ္။

CRD-

Add a Comment

Your email address will not be published.