အပျိုကြီးမရည်မွန်နဲ့ နောက်က ကပ်လိုက်တဲ့ငနဲ့ (သူပေါက်ကွဲဘီလေ 😁😁)

အပျိုကြီးမရည်မွန်နဲ့ နောက်က ကပ်လိုက်တဲ့ငနဲ့ (သူပေါက်ကွဲဘီလေ 😁😁)

တစ်ခါက မရည်မွန်ဆိုတဲ့ အပျိုကြီးတစ်ယောက်ရှိသတဲ့… တစ်နှစ်ပြီးတစ်နှစ် တစ်ဝါဝင်ပီး တစ်ဝါထွက်လာတာ ကြိမ်ဖန်များ လာသော်လည်း မရည်မွန်ဆိုတဲ့ အပျိုကြီး ဖူးစာရှင် မတွေ့သေးဘူးပေါ့ ကံကောင်းချင်တော့ တစ်နေ့ ….. မရည်မွန်တစ်ယောက် အပြင်ကို ကိစ္စတစ်ခုနဲ့အသွား နောက်ကနေ စတိုင်အလန်းစားနဲ့ ငနဲတစ်ကောင် ကပ်လိုက်လာတာ

သတိထားမိတယ်။ ဣန္ဒြေရှင် အပျိုကြီးပီပီ နောက်က ငနဲ ခပ်ခွာခွာ ကပ်လိုက်လာတာ သတိထားမိတော့ ရင်တွေဘာတွေ ခုန်လို့ပေါ့.. “အဟီး…ငနဲ ငါကို ချစ်ရေးဆိုမလို့နဲ့ တူတယ်” လိုရာခရီး ရောက်တာတောင် မဝင်သေးဘဲ ငနဲသားကို အခွင့်အရေး ပေးတဲ့အနေနဲ့ ဆက်ပြီး လျှောက်နေလိုက်တယ်…. အတော်လေး အခွင့်ရေးပေးပြီး လမ်းကြောင်းကိုဆက်လျှောက်

နေပေမယ့် အနှီငနဲသားဘက်မှ ဘာမှတုန့်ပြန်မှုမရတော့ အပျိုကြီး မရည်မွန် တင်းပီလေ ” ဒီမှာ ဒီမှာ..ရှင်ကျမ နောက်က လျှောက်လိုက်နေတာတော်တော်ကြာနေပြီ.. ရှင်ဘာပြောချင်တာလဲ ပြောစရာရှိပြော ” အဲ့လို ဒဲ့ဘဲ့ ရေလာအောင် မြောင်းပေး လိုက်တာပေါ့…

ဒီတော့ ငနဲသားက “ဟိုဟို ပြောစရာ မရှိပါဘူး အစ်မ ” “ဟင်..ပြောစရာမရှိရင် နင် ငါ့နောက်ကို ဘာလို့ လိုက်နေတာလဲ..” “ဟို ဟိုလေ အစ်မကြီးဖုန်းက Internet WiFi Hotspot ပွင့်နေလို့ Download လိုက်ဆွဲနေတာ ခင်ဗျ .. ပြီးတော့မယ် ” ” ငင့်!! ဒေါင်းစား! တေချင်းဆိုး!! သေပေတော့ $%&* (သူပေါက်ကွဲဘီလေ 😁😁)

crd-

Add a Comment

Your email address will not be published.