ဧရာဝတီတိုင်းကကျောင်းမအပ်သည့်ကလေးများကို စာရင်းကောက်ပြီးမိဘတွေကိုအရေးယူမည်ဟုပြောဆိုနေ

ဧရာဝတီတိုင်းကကျောင်းမအပ်သည့်ကလေးများကို စာရင်းကောက်ပြီးမိဘတွေကိုအရေးယူမည်ဟုပြောဆိုနေ

ဧရာဝတီတိုင်တွင်ယခုနှစ်ကျောင်းမအပ်တဲ့ကလေးများကို စာရင်းလိုက်ကောက်ပြီးမိဘများကိုအရေးယူမည်ဟုပြောဆိုခြင်းများပြုလုပ်နေကြောင်း ရောဝတီတိုင်းကဒေသခံကျောင်းသားမိဘများထံမှသိရပါတယ်။

ဧရာဝတီတိုင်းက မော်လမြိုင်ကျွန်း၊ကျောင်းကုန်၊ဘိုကလေး၊ပုသိမ်၊သာပေါင်း၊ညောင်တုန်း၊ဟင်္သာတ၊ဇလွန်၊မြန်အောင်၊ကြံခင်း၊ဓနုဖြူစသည့်မြို့နယ်များရှိစစ်ကောင်စီဩဇာခံရဲတပ်ဖွဲ့၊ထွေအုပ်နဲ့ သတင်းပေးတွေ ပူးပေါင်းပြီးစာရင်းကောက်ခံနေခြင်းဖြစ်ပြီးအရေး ယူမည်ဟုဆိုကာခြိမ်းခြောက်သည့်စကားပြောခြင်းများကိုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

”ကျောင်းမတက်တဲ့ကလေးတွေရဲ့နာမည်တွေကိုလိုက်ကောက်သွားတယ်မနေ့ကကောက်တာ။ကျောင်းမတက်တဲ့ အိမ်ကကလေးတွေရဲ့မိဘတွေကိုလည်းဘာလို့ကျောင်းမတက်တာလည်းလို့လဲေမးတယ်။အိမ်မှာမပြေလည်လို့မတက်တာဆိုတော့အခမဲ့ပညာရေးစနစ်လို့ပြောတယ်။အခမဲ့ပညာရေးစနစ်ကရယ်နေရ တယ်။ကျောင်းဆရာ မလုံလောက်လို့ ငွေထည့်ရတယ်တစ်ချက်၊ထီးတစ်ချောင်းကိုအရင်က ၄၀၀၀ နဲ့ဝယ်ရတယ်အခု ၆၅၀၀ နဲ့ဝယ်ရတယ်တစ်ချက်၊တစ်နေ့ ၅၀၀ မုန့်ဖိုးပေး ရတယ် ဒါကကလေးတစ်ယောက်ထဲရှိတဲ့အိမ်အတွက်အခြေခံ ကျောင်းစရိတ်ကိုပြောတာ။ဒါကိုကိုယ့်ကလေးကိုယ် ကျောင်းမထားတာကိုစရင်းကောက်ပြီးဖမ်းမယ်လုပ်နေတဲ့သူတွေကိုအံ့သြတယ်။”ဟုဒေသခံကျောင်းသားမိဘတစ်ဦးကပြောပါတယ်။

စစ်ကောင်စီကပြန်ဖွင့်နေသည့်အခြေခံပညာစာသင်ကျောင်းများတွင်ကျောင်းအပ်သည့်ေကျာင်းသား၊ကျောင်သူဦးရေဟာဧရာဝတီတိုင်းက ၉ သိန်းကျော်ဖြင့်အများဆုံး ရှိနေကြောင်းသိရပါတယ်။

ထိုသို့ကျောင်းတက်ရောက်နှုန်းများနေသော်လည်းတိုင်းဒေသကြီးဝန်ကြီးချုပ်၏လမ်းညွန်ချက်အရဟုဆိုကာအကြောင်းအမျိုးမျိုးကြောင့်ကျောင်းအပ်ဖို့ကျန်နေသည့်ကလေးများ၏စာရင်းများကိုေကာက်နေပြီးမိဘများကိုလည်းလိုက်လံဖိအားပေးနေခြင်းဖြစ်ကြောင်းဒေသခံများက ဆိုပါတယ်။

စစ်ကောင်စီက ဖွင့်လှစ်နေသည့် ယခုနှစ် ပညာသင်နှစ်တွင်ဧရာဝတီတိုင်းကအခြေခံပညာကျောင်းများတွင်ငွေကြေးကောက်ခံမှုများရှိနေသည့်အပြင်အစိုးရဘက်ကထုတ်ပေးရသည့်ကျောင်းဖတ်စာအုပ်များကိုမရသည့်ကလေးများလည်းရှိနေကြောင်းသိရပါတယ်။

crd-

Add a Comment

Your email address will not be published.