၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ဒီဇယ်တစ်လီတာ ၂၅၀၀ ကျော်လာပြီး တမူးမြို့မှာ ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ ၂၆၀၀ ကျပ် ကျော်မြှင့်တက်နေတဲ့ ယနေ့စက်သုံးဆီဈေးကွက်

၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ဒီဇယ်တစ်လီတာ ၂၅၀၀ ကျော်လာပြီး တမူးမြို့မှာ ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ ၂၆၀၀ ကျပ် ကျော်မြှင့်တက်နေတဲ့ ယနေ့စက်သုံးဆီဈေးကွက်

၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ရန်ကုန်ဈေးနှုန်းမှာပင် ပရီမီယံဒီဇယ်တစ်လီတာ ၂၅၀၀ ကျော်လာတဲ့အထိ စံချိန်တင်မြှင့်တက်လာနေပြီး စစ်ကိုင်းတိုင်း တမူးမြို့မှာဆိုရင် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ ၂၆၀၀ ကျပ်ကျော် မြှင့်တက်လာနေတာတွေ့ရပါတယ်။ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်းစက်သုံးဆီတည်ငြိမ်စေရေးအတွက်

ပြည်တွင်းစက်သုံးဆီရောင်းချတဲ့ လက်လီဆိုင်များနှင့် ကုမ္ပဏီများကိုညှိနှိုင်းပေးနေသလို Importer ထံမှ တိုက်ရိုက်ဝယ်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းမှာ ဇွန်လ ၄ ရက်နေ့ ယနေ့အတွက် YGEA ရဲ့ ထုတ်ပြန်ချက်အရ အကယ်ဒမီ အခေါက်ရွှေတစ်ကျပ်သား ၂၀၄၀၀၀၀ ကျပ်နှင့်ဖွင့်လှစ်ထားပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စ 1851 ဒေါ်လာရှိနေပါတယ်။ ဇွန်လ ၄ ရက်နေ့အတွက် တိုင်းနဲ့ပြည်နယ်အသီးသီးရှိစက်သုံးဆီဈေးနှုန်းတွေကတော့

ရန်ကုန် ဓာတ်ဆီ (92) တစ်လီတာ 2195 ကျပ်၊ (95) တစ်လီတာ 2280 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2500 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2525 ကျပ် မန္တလေး ဓာတ်ဆီ (92) တစ်လီတာ 2240 ကျပ်၊ (95) တစ်လီတာ 2325 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2545 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2575 ကျပ် နေပြည်တော် ဓာတ်ဆီ (92) တစ်လီတာ 2235 ကျပ်၊ (95) တစ်လီတာ 2325 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2540 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2570 ကျပ်

စစ်ကိုင်း ဓာတ်ဆီ (92) တစ်လီတာ 2255 ကျပ်၊ (95) တစ်လီတာ 2340 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2560 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2585 ကျပ် တမူးမြို့ ဓာတ်ဆီ (92) တစ်လီတာ 2360 ကျပ်၊ (95) တစ်လီတာ 2460 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2635 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2670 ကျပ်

ညောင်ဦးမြို့ ဓာတ်ဆီ (92) တစ်လီတာ 2270 ကျပ်၊ (95) တစ်လီတာ 2405 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2580 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2625 ကျပ် မကွေးမြို့ ဓာတ်ဆီ (92) တစ်လီတာ 2240 ကျပ်၊ (95) တစ်လီတာ 2325 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2545 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2570ကျပ်

တောင်ကြီးမြို့ ဓာတ်ဆီ (92) တစ်လီတာ 2275 ကျပ်၊ (95) တစ်လီတာ 2360 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2580ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2610 ကျပ် မွန်ပြည်နယ် မော်လမြိုင်မြို့ ဓာတ်ဆီ (92) တစ်လီတာ 2240 ကျပ်၊ (95) တစ်လီတာ 2330 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2545 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2575 ကျပ် ဧရာဝတီတိုင်း ပုသိမ်မြို့ ဓာတ်ဆီ (92) တစ်လီတာ 2225 ကျပ်၊ (95) တစ်လီတာ 2310 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2530 ကျပ်နှင့်

ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2560 ကျပ် ကချင်ပြည်နယ် ဗန်းမော်မြို့ ဓာတ်ဆီ (92) တစ်လီတာ 2320 ကျပ်၊ (95) တစ်လီတာ 2405 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2645 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2675 ကျပ်ရှိနေပါတယ်။ စက်သုံးဆီဆိုင်များအတွက် အခွန်အနည်းဆုံးကောက်ခံထားပြီး သတ်မှတ်ရည်ညွှန်းဈေးနှုန်းများလည်း

ထုတ်ပြန်ထားရှိပေးထားတာဖြစ်တဲ့အတွက် ဈေးနှုန်းပိုမိုရောင်းချတဲ့ စက်သုံးဆီဆိုင်များကိုလည်း အရေးယူသွားမယ်လို့ သိရပါတယ်။

crd-

Add a Comment

Your email address will not be published. Required fields are marked *